အရိုးအဆစ်တွေကောင်းတုန်းကပေါ့
09-Jan-2018ကျန်းမာရေးဂျာနယ်မှ ကြော်ငြာကိုစိုက်ကြည့်နေသော အဘိုးအား အဘွားက -
“ အဘိုးကြီးနော် မျက်စိလည်းကျွတ်ကျဦးမယ်။ ကောင်မတွေကလည်း ဒူးပေါ်ပေါင်ပေါ်နဲ့ ပြေးလွှားခုန်ပျံလို့ ”
“ မင်းထင်သလိုအကြည့်မျိုးနဲ့ ကြည့်တာမဟုတ်ပါဘူးကွာ ”
“ ဒါဆို ဘာလို့ဒီလောက်အကြာကြီးကြည့်နေသေးလဲ ”
“ ဒါလား။ မင်းနဲ့ငါဟန်းနီးမွန်းထွက်တုန်းက သောင်ပြင်မှာပြေးလွှားခဲ့တာပြန်အမှတ်ရမိလို့ပါကွာ ”
“ ဟွန်း အဖြေကောင်းလို့ပါ အဘိုးကြီးရာ ”
Credit : မှူးအိမ်ဇင်